ထန်တလန် ၉ ဩဂုတ်

 

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၏ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းထုတ်ပြန်ချက်အရ ထန်တလန်မြို့နယ်အနေဖြင့် ဖြေဆိုသူဉီးရေ ၅၃၀ ရှိကာ အောင်မြင်သူ ၆၁ ဦးရှိသဖြင့် ၁၁.၅၀၉ ရာခိုင်နှုန်းအောင်မြင်ခဲ့ကြောင်း သိရသည်။

 

ထန်တလန်မြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၆၁ ဦးတွင် ဂုဏ်ထူးဖြင့်အောင်မြင်သူ (၆) ဦးရှိပြီး ဇီဝဗေဒဘာသာ (၁)ဦး၊ ပထဝီဘာသာ (၂)ဦးနှင့် သမိုင်းဘာသာ (၃)ဦးရှိကြောင်းသိရသည်။

 

ထန်တလန်မြို့နယ်၏ တက္ကသိုလ်ဝင်တန်းအောင်မြင်မှုအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ဖြေဆိုသူ (၄၅၁) ဦးအနက် အောင်မြင်သူ (၆၁)ဦးရှိသဖြင့် အောင်မြင်မှု ၁၃.၅၂၅ ရာခိုင်နှုန်း၊ ၂၀၂၀ပြည့်နှစ်တွင် ဖြေဆိုသူ ဉီးရေ (၅၃၀) အနက် အောင်မြင်သူ (၆၁) ဦးရှိသဖြင့် အောင်မြင်မှု ၁၁.၅၀၉ ရာခိုင်နှုန်းရှိရာ ယခင်နှစ်ထက် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်း ၂.၀၁၆ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)