ထန်တလန် ၁၀ စက်တင်ဘာ
ချင်းပြည်နယ် ထန်တလန်မြို့နေပြည်သူများ နွေရာသီ သောက်သုံးရေရှားပါးမှု၊ ရေအခက်အခဲမှ ကင်းဝေးစေရေး၊ သောက်သုံးရေဖူလုံစွာ ရရှိစေရေးအတွက် ရေသွယ်ယူရေးလုပ်ငန်းများကို ထန်တလန်မြို့မှ မိုင် (၂၀)ခန့်အကွာ ခွေဗားချောင်းမှ ထန်တလန်မြို့အတွင်းသို့ ရေသွယ်ယူခြင်းနှင့် မြို့တွင်းရေရရှိရေး၊ ရေဖြန့်ဝေလိုင်း လုပ်ငန်းများဆောင်ရွက်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ (၁၃၄၅.၂၀ဝ)သန်း၊ နယ်စပ်ဒေသနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် (၅၀ဝ.ဝ၀ဝ) သန်း၊ စုစုပေါင်း ငွေကျပ်(၁၈၄၅.၂၀ဝ) သန်းဖြင့် ထန်တလန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ထန်တလန်မြို့ ကားကြီးကွင်း၌ ရေပိုက်နှင့်ဆက်စပ်ပစ္စည်းများရောက်ရှိမှု အခြေအနေကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးအောင်ဆွေမြင့်နှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


