ထန်တလန် ၂၅ အောက်တိုဘာ
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား မဲရုံဆိုင်ရာ သင်တန်း ပို့ချခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမနှင့် မြို့နယ်ခန်းမတို့တွင် အသီးသီးပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ထန်တလန်မြို့နယ်အတွင်း မဲရုံများတွင်တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး (၁၀၄)ဦးတက်ရောက်ပြီး အခြေခံပညာအထက်တန်းကျောင်းခန်းမနှင့် မြို့နယ်ခန်းမတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ညွှန်ကြားချက်များနှင့်အညီ ဒုတိယအသုတ် အဆိုင်း-၂အား (၂)ရက်ကြာ ဖွင့်လှစ် သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထလာမန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးခင်အောင်လိန်း၊ မြို့နယ် ပညာရေးမှူး ဦးအောင်မြထွန်း၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာထွန်းပွားနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မတီအဖွဲ့(အဖွဲ့ဝင်) ဦးဒါရ်လွေး စုစုပေါင်း သင်တန်းနည်းပြ (၆)ဦးတို့က မြို့နယ်အတွင်းရှိ မဲရုံ(၁၀၅)ရုံတို့တွင် တာဝန်ထမ်းဆောင်မည့် ဆရာဆရာမများနှင့် ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို စာတွေ့ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


