ပိုင်ကျုံ ၁၉ မေ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအား ယနေ့ နံနက်ပိုင်းက ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ထန်းတပင်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က အိမ်ထောင်စု (၁၆)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ပစ္စည်း (၁၁)မျိုးနှင့် စုစုပေါင်း ထောက်ပံ့ငွေ (၁၇)သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထန်းတပင်ကျေးရွာအုပ်စုတွင် မေ ၁၅ ရက် ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၆)လုံးပျက်စီးခဲ့ခြင်းဖြစ်သည်။
စောpဖိုး(ပြန်/ဆက်)


