ထန်းတပင် ၁၀  ဇန်နဝါရီ


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ကြာမန်းကျေးရွာအုပ်စု၊ ကြာမန်းကျေးရွာ၌ ကျေးရွာလူထုတွေ့ဆုံကာ မဲပလီကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အတွက် ကွန်ပျူတာ (၁) လုံး၊ ပန်ကာ (၈) လုံး ပေးအပ်လှူဒါန်းပွဲနှင့် ဆရာမ (၆) ဦးတို့အား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇန်နဝါရီ (၁၀) ရက် နံနက် (၁၀) နာရီက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်က မဲပလီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် အချိန်ပိုဆင်းကာ လေ့ကျင့်သင်ကြားပေးနေကြသည့် ဆရာမများအတွက် ရည်ရွယ်၍ ကွန်ပျူတာနှင့် ဂုဏ်ပြုထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ လူစွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆရာများနှင့် ကျောင်းသားမိဘများက ဝိုင်းဝန်းပူးပေါင်းကာ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ 

 

ာိည


၎င်းနောက် မဲပလီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အတွက် ကြာမန်းကျေးရွာ ဇေယျာသိဒ္ဓိကျောင်း ဆရာတော် ဦးပညိန္ဒက တန်းဖိုးငွေကျပ် ၂ဝ၈ဝဝဝ တန်းဖိုးရှိ ပန်ကာ(၈)လုံး၊  တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်က တန်းဖိုးငွေကျပ် ၅၉၇ဝဝဝ တန်းဖိုးရှိ ကွန်ပျူတာ (၁)လုံးနှင့် ဆယ်တန်းအောင်ချက် မြင့်မားရေးအတွက် ကျောင်းသား၊ ကျောင်းသူ (၅၉) ဦးတို့အား အချိန်ပိုဆင်းကာ လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် ဆရာမ(၆)ဦးတို့အား တစ်ဦးလျှင် ၆၀ဝ၀ဝ ကျပ်နှုန်း (၆)လဆက်တိုက် ဂုဏ်ပြုထောက်ပံ့ငွေ ၂၁၆ဝဝဝဝ ကို မဲပလီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အထက်တန်းပြဆရာမ ဒေါ်ချိုဇာလွင်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြရာ ဆရာမ ဒေါ်ချိုဇာလွင်နှင့် ရပ်မိ/ဖဦး ခင်မောင်မြင့်တို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြသည်။


ဆက်လက်၍ ကျေးရွာလူထုနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြရာ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်ဦးဌေးမော်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမုတန်းကြီးကျေးရွာအုပ်စုတွင် စက်မှုဥယျာဉ်မြို့တော် စီမံကိန်းဆောင်ရွက်မည့် အခြေအနေများ၊ သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ ကျေးရွာနေပြည်သူများ လက်ဝယ်သို့ ပြန်လည်ရောက်ရှိနိုင်ရေးတို့ကို ချပြရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော ဒေသခံကျေးရွာနေပြည်သူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။


ဇင်မင်းထိုက်(ထန်းတပင်)  

 

ာိည