ထန်းတပင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အိမ်တွင်းမှုဆိုင်ရာ အခြေခံစက်ချုပ်သင်တန်း (အခမဲ့) ဖွင့်လှစ်မည်

 

ထန်းတပင် ၅ သြဂုတ်

 

ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးနှင့် အသိပညာ၊ အတက်ပညာများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အိမ်တွင်းမှုဆိုင်ရာ အခြေခံစက်ချုပ်သင်တန်းကို ထန်းတပင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (အခမဲ့) ဖွင့်လှစ် သင်ကြားပို့ချဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ သင်တန်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြင်ပပညာရှင် ဆရာမ(၂)ဦးကိုဖိတ်ခေါ်၍ စာကြည့်တိုက်အသင်းဝင်များနှင့် ကျေးရွာများမှ အမျိုးသမီးများကို (၁၆.၈.၂၀၁၈) ရက်နေ့မှ (၂၉.၉.၂၀၁၈)ရက်နေ့အထိ နေ့စဉ် နံနက် (၁၀) နာရီအချိန်မှ ညနေ ၄ နာရီ အချိန်အထိ (၄၅) ရက်ကြာသင်ကြားပို့ချ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတို့ထံ သွားရောက်၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ပြန်/ဆက်)