ထန်းတပင်   ၁၆   ဧပြီ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ မဟာသင်္ကနြ်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုဖြင့် အခြေခံစားသောက်ကုန်ငါးမျိုးဖြစ်သည့် ဆန်(၈)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ(၁)ပိဿာနှင့်ကြက်သွန်(၁)ပိဿာတို့ကို မြို့နယ်တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာများ အရောက် ဖြန့်ဝေဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်ကျေး/ ကျေးရွာအုပ်စု (၅၉)အုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၄၂၂၇)စုရှိပြီး မြို့နယ်တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု တို့မှအုပ်ချုပ်ရေးအဖွဲ့များက ကျေးရွာများအရောက် ထောက်ပံ့ဖြန့်ဝေမှုများကို ဧပြီ ၁၂ နေ့မှ စတင် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကာ ပထမနေ့တွင် အိမ်ထောင်စု (၁၅ဝဝ)၊ ဒုတိယနေ့တွင် အိမ်ထောင်စု (၁၅ဝဝ)၊ တတိယမြောက်နေ့တွင် အိမ်ထောင်စု(၃၇၃၇)နှင့် စတုတ္ထမြောက်နေ့တွင် အိမ်ထောင်စု (၇၄၉၀)စုတို့ကိုဖြန့်ဝေပေးပြီး ဖြစ်ကြောင်းသိရသည်။

 

မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံစား သောက်ကုန်များ ဖြန့်ဖြူးပေးနိုင်ရေးအတွက်လည်း ထန်းတပင်မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းတို့ ဦးဆောင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့နယ်အတွင်း ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ ထုတ်ပိုး၊ သယ်ယူ၊ ထောက်ပံ့ဖြန့်ဖြူးပေးနိုင်ရေးတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)