ထန်းတပင်   ၁၈  ဖေဖော်ဝါရီ

 

ကျေးလက်ဒေသများတွင် ထင်းသုံးစွဲမှုလျှော့ချရေး၊ သစ်တောပြုန်းတီးမှုများ ကာကွယ်နိုင်ရေးနှင့် ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးတို့အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၂၂)အုပ်စုရှိ ကျေးရွာခွဲပေါင်း (၈၅)ရွာတွင် နေထိုင်ကြသည့် အိမ်ထောင်စု (၄၅ဝဝ)တို့အား တစ်အိမ်ထောင်လျှင် စွမ်းအားမြှင့်မီးဖိုတစ်လုံးစီနှုန်းကို ဖေဖော်ဝါရီလပထမအပတ်မှ စတင်၍ ပထမ အသုတ်အနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက(အခမဲ့) ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

3.

 

 “စွမ်းအားမြှင့်မီးဖိုကို အလုံး(၉)ထောင် ဖြန့်ဖြူးဖို့ စီစဉ်ထားတာရှိပါတယ်၊ ပထမ Batch (A)မှာ ဆိုရင် အလုံး (၄၅ဝဝ)နဲ့ Batch(B)မှာ အလုံး(၄၅ဝဝ) ဖြန့်ဖြူးမှာဖြစ်ပါတယ်၊ အခုဖေဖော်ဝါရီလအတွင်း မှာ ဆိုရင် Batch(A) အလုံး (၄၅ဝဝ)ကို ဖြန့်ဖြူးမှာဖြစ်ပြီးတော့ အခုလက်ရှိဖြန့်ဖြူးပြီးကတော့ အလုံး (၄၂ဝဝ) ရှိပါပြီ။ ကျေးရွာနေ ပြည်သူလက်ဝယ်သုံးစွဲသူ အိမ်ထောင်စုထဲ့ရောက်ရှိနေတာကတော့ အလုံး (၃၅ဝဝ) ရှိပါပြီ ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက ရှင်းပြသည်။

 

63.

 

မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စွမ်းအားမြှင့်မီးဖိုများကိုဖြန့်ဝေဆောင်ရွက်ပေးခြင်းကို စိုက်ပျိုး ရေးဦးစီးဌာန၊ ကိုးရီယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (KOICA) နှင့် ကိုရီယား ရာသီဥတုပြောင်းလဲမှဗဟိုဌာန(Korea Climate Change Center) တို့ပူးပေါင်းဆောင်ရွက်ကာ လျှပ်စစ်မီးမရရှိသေးသည့် ထင်းအဓိကထားသုံးစွဲနေရသောကျေးရွာကို ဖြန့်ဝေပေးခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

 

63.02

 

စွမ်းအားမြှင့်မီးဖိုးများကို ပထမ Batch(A) အနေဖြင့် ထန်းတပင်မြို့နယ်အတွင်း ထိန်နှစ်ပင် ကျေးရွာအုပ်စု၊ သံပုရာကုန် ကျေးရွာအုပ်စု၊ ကလိန်ကျေးရွာအုပ်စု၊ ပက်အင်းကလေးကျေးရွာအုပ်စု၊ ချောင်းညီအကို ကျေးရွာအုပ်စု၊ စံကင်းကြီးကျေးရွာအုပ်စု၊ အတွင်းရေကျော်ကျေးရွာအုပ်စု၊ ကမြိုင် ကျေးရွာအုပ်စု၊ ရွှေကြာဗျိုက်ကျေးရွာအုပ်စု၊ ညွန့်ပေါင်းကျေးရွာအုပ်စု၊ ကုန်းလှည်းဆိပ်ကျေးရွာအုပ်စု၊  ငှက်သိုက်ကျေးရွာအုပ်စု၊ စန္ဒယော်ကျေးရွာအုပ်စု၊ ပရွတ်ကျေးရွာအုပ်စု၊ ထိန်ကုန်းကျေးရွာအုပ်စု၊ ရေစိုကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာအုပ်စု၊ မရွှေဉကျေးရွာအုပ်စု၊ တံတားဦးကျေးရွာအုပ်စု၊ ကျူတော ကျေးရွာအုပ်စု၊ ရေဖြူကျေးရွာအုပ်စုနှင့် ကြာအင်းကျေးရွာအုပ်စု (၂၂)အုပ်စုတို့ရှိ ကျေးရွာခွဲပေါင်း (၈၅)ရွာတွင် နေထိုင်ကြသည့် အိမ်ထောင်စု (၄၅ဝဝ)တို့ကို (အခမဲ့) ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)     

 

852