ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၁၂  

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး အောက်တို ဘာလ(၁၂)ရက်  နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ ထန်းတပင်-မြန်မာအထည်ချုပ်စက်ရုံတွင် မြို့နယ်အတွင်းရှိ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ(၄)ရုံတို့မှ အလုပ်သမားများကို ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

 

ကာကွယ်ဆေးထိုးနှံပေးရာတွင်လည်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများက အမှတ်(၄)ရပ်ကွက်ရှိ ထန်းတပင်-မြန်မာအထည်ချုပ်စက်ရုံမှ အလုပ်သမား (၂၃၂)ဦး၊ ဟော်စွင့်စက်ရုံမှ အလုပ်သမား(၃၄)ဦး၊ Global Paper Holding စက်ရုံမှ အလုပ်သမား(၁၀၄)ဦး နှင့်ပန်ဒါအချိုမှုန့်စက်ရုံမှ အလုပ်သမား(၁၂)ဦး စုစုပေါင်းစက်ရုံ(၄)ရုံတို့မှ အလုပ်သမား(၃၈၂)ဦး တို့ကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။

 

အောက်တိုဘာလ(၁၆)ရက်နေ့တွင်လည်း ရခိုင်ရိုးကြီးကျေးရွာအုပ်စုရှိ Hydrodynamic စက်ရုံနှင့် အစုကြီးကျေးရွာရှိ ပိုင်ဆိမ့်စက်ရုံတို့တွင် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ(၅)ရုံတို့မှ အလုပ်သမားများကိုလည်ကောင်း၊ အောက်တိုဘာလ(၁၉)ရက်နေ့တွင် တူးချောင်းကျေးရွာအုပ်စုရှိ မင်းသားလေးအထည်ချုပ်စက်ရုံတွင် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ(၇)ရုံတို့မှ အလုပ်သမားများနှင့် အောက် တိုဘာလ(၂၂)ရက်နေ့တွင် Oversea စက်ရုံရှိ စက်ရုံအလုပ်သမားများကိုလည်းကောင်း ဒုတိယအကြိမ် အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ဇင်မင်းထိုက်(ထန်းတပင်)