ထန်းတပင် ဇန်နဝါရီ ၂၄

 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသ ကြီး ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၂၂ ရက်က အမှတ်(၄) ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးခင်ဆွေနှင့်ဝန်ထမ်းများက အမှတ်(၄)ရပ်ကွက် အတွင်းရှိ ရပ်ကွက်နေပြည်သူများအား လိုအပ်သော သက်သေခံအထောက်အထားများနှင့် စာရွက်စာတမ်းများ စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။  

မြို့နယ် (ပြန်/ဆက်)