ထန်းတပင် အောက်တိုဘာ ၁၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အစည်းများအား ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း မူကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ခြင်းကို ကျန်းမာရေးဝန်ကြီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ပြီး ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း က စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အစည်းများအား ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ် ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာ လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စေတနာ့ဝန်ထမ်း ပရဟိတ အဖွဲ့အစည်းများဖြစ်ကြသည့် စုပေါင်းအားမာန်အသင်း၊ ဂရုဏာရှင် လူမှုဘဝကူညီရေးအသင်း၊ စေတနာမှန် လူမှုဘဝကူညီရေးအသင်း၊ စေတနာ နာရေးကူညီမှုအသင်း၊ လမ်းပြကြယ် လူမှုကူညီရေးအသင်း၊ အမေ့အိမ် ဘိုးဘွားရိပ်သာ လူမှုကူညီရေးအသင်း၊ ဖြူစင်ပန်းတိုင်ပရဟိတအသင်း၊ မြတ်စေတနာလူမှုကူညီရေး အသင်းနှင့် အတ္တကင်းမဲ့ အမေ့ရင်သွေးလူမှုကူညီရေးအသင်းတို့မှ အသင်းတာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)