ရန်ကုန် မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အတွင်းရေကျော်-အမယ်ကြီးအို-စံချောင်းလမ်းပေါ်ရှိ တံတားချဉ်းကပ်ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မတ် ၁၅ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် (တည်ဆောက်ရေး) ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးဇော်မိုးဦးနှင့် တာဝန်ရှိသူများက အတွင်းရေကျော်-အမယ်ကြီးအို-စံချောင်းလမ်းပေါ်ရှိ တံတားချဉ်းကပ်ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်း လမ်းအရှည် ပေ ၄၀၀၊ အကျယ် ၁၈ ပေနှင့် ဒု ၆ လက်မခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


