ထန်းတပင်  ၂၀   ဒီဇင်ဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြစိမ်းရောင်စက်မှုဇုံ၊ ORIENTAL  PEAK GROUP HOLDING  အိတ်ချုပ်စက်ရုံရှိ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး နှင့်မီးဘေး လုံခြုံရေးအတွက် အသိပညာပေးဟောပြောသရုပ်ပြပွဲကို ဒီဇင်ဘာ ၁၉ ရက်နေ့၊ နံနက်ပိုင်းက အဆိုပါ စက်ရုံတွင် ဆောင်ရွက်ခဲ့ကြသည်။

 

ာိည

 

မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက် မီးသတ် ဦးစီးမှူး ဦးထက်ခိုင်ကျော်က မီးလောင်မှုဖြစ်ပွားသည့် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးလောင်ကျွမ်းမှုအမျိုးအစားများနှင့် မီးလောင်ကျွမ်းမှု ဖြစ်စဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး လက်ထောက်မီးသတ်ဦးစီးမှူး ဦးအုန်းဝင်းက မီးသတ်ဆေးဘူး အသုံးပြုကာ စနစ်တကျ မီးငြှိမ်းသတ်နည်း စနစ်များတို့ကိုအသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

 

52

 

ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက တက်ရောက်လာကြသည့် စက်ရုံဝန်ထမ်းများအား ဓာတုဗေဒ ပစ္စည်းများဖြင့် အလိုအလျောက်မီးလောင်မှုဖြစ်စဉ်များနှင့် မီးသတ်ဆေးဘူးအသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်ခြင်း နည်းစနစ်များကို ပြသဆောင်ရွက်ခဲ့ကြသည်။

 

69

                                                                                                           

ဇင်မင်းထိုက်(ထန်းတပင်)