ရန်ကုန် ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး ထန်း တပင်မြို့နယ်၌ ၂၀၂၅-၂ဝ၂၆ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီအတွက် စိုက်ဧက ၈၄၀၀၀ ကျော် လျာထား စိုက်ပျိုးသွားမည်ဖြစ်ပြီး လျာထား ဧကထက် ကျော်လွန်အောင် စိုက် ပျိုးနိုင်ရေးအတွက်လည်း တာဝန် ရှိသူများက တောင်သူအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။
“ထန်းတပင်မြို့နယ်အတွင်း မှာ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါးလျာထားစိုက်ဧက ၈၄၁၃၈ ဧက လျာထားပြီး စိုက်ပျိုးသွားမှာ ကဝေ တော့ ဇွန်လ ဒုတိယအပတ် လောက်ကနေ စတင်ပြီးတော့ စိုက်ပျိုးသွားမှာပါ။ လျာထားဧက ပြည့်မီရေးနဲ့ ကျော်လွန်အောင် စိုက်ပျိုးရေး အတွက်ကိုလည်း တောင်သူ အသိပညာပေးခြင်း လုပ်ငန်းတွေကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါတယ်" ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီး မှူး ဦးစောဝင်းကိုက ပြောကြားသည်။
လျာထားဧက ပြည့်မီအောင်နှင့် ကျော်လွန်အောင် စိုက်ပျိုးနိုင် ရေးအတွက်လည်း တောင်သူ ပညာရေး လုပ်ငန်းများနှင့် မိုးစပါး စိုက်ခင်းများ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် လိုက်နာရမည့် နည်းလမ်းများကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေး ဆောင်ရွက်လျက် ရှိပြီး နည်းပညာ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက် ပျိုးရေး ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)