ထန်းတပင်(ရန်ကုန်)   နိုဝင်ဘာ   ၂၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်း၍ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေကွင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည့် ရေပေါ်သောင်ကျေးရွာ၊ ရေပေါ်သောင်ကွင်းတွင် ဒေသခံတောင်သူများ စပါးအထွက်နှုန်း ကောင်းမွန်စေရေးအတွက် နွေစပါးစံပြကွက် ဧက ၅၀ ကို နိုဝင်ဘာ ၂၀ ရက်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပြီဖြစ်သည်။

အဆိုပါ နွေစပါးစံပြကွက်ဧက ၅၀ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့နှင့် မိုင် ၃၀ ပတ်လည် စိမ်းလန်းစိုပြည်ရေးစီမံချက်အရ စနစ်ကျလယ်ယာမြေဖော်ထုတ်ပြီး လယ်များအား ကောက်စိုက်စက်ဖြင့် အပြည့်အဝစိုက်ပျိုးနိုင်ရေးနှင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စံပြကွက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ထံမှ သိရသည်။ 

ဇင်မင်းထိုက်(ထန်းတပင်)