ထန်းတပင် ၁ ဧပြီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူး၍ကျင်းပပြုလုပ်သည့် နွေရာသီ မွန်စာပေ၊ မွန်စကားပြောသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ နိုင်မြင့်သိန်းက မွန်တိုင်ရင်းသားစာပေနှင့်ယဉ်ကျေးမှုများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် သင်တန်းကို ဖွင့်လှစ် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အခြေခံပညာဦးစီးဌာန လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသာကျော်၊ ရန်ကုန်တိုင်းဒေသကြီး မွန်လူငယ်အဖွဲ့မှ ဦးထော်ဦး နှင့် သင်တန်း နည်းပြဆရာမ မိသဇင်ဖူးတို့က သင်တန်းဆင်းဂုဏ်ပြုအမှာစကားများကို အသီးသီး ပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်မွန်စာပေ အရည်အချင်းစစ်စာမေးပွဲတွင် ဆုများရရှိခဲ့ကြသည့် မွန်တိုင်းရင်းသားက လေး ငယ်(၁၄)ဦးတို့ကို မြို့နယ်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထန်းတပင် မြို့နယ်နွေရာသီမွန်စာပေနှင့် မွန်စကားပြောသင်တန်းကိုမြို့နယ်အတွင်းရှိ မွန်တိုင်းရင်းသား ကလေးငယ် (၂၆)ဦးတို့တက်ရောက်ခဲ့ကြပြီး (၁)လကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်သည်။ ဆုရ မွန်တိုင်းရင်းသား ကလေးငယ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး မွန်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ကျင်းပပြုလုပ်မည့် စာမေးပွဲကိုလည်း ဝင်ရောက်ဖြေဆိုခွင့်များ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)