ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ပက်အင်းကလေးကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ၌ ဒီဇင်ဘာ(၂၀)ရက်၊ နေ့လယ်(၁)နာရီခွဲအချိန် တောင်သူ ဦးလှမင်းထွန်းမှ လယ်ယာမြေတွင်စပါး ရိတ်သိမ်းဆောင်ရွက်နေစဉ်အတွင်း အရှည်(၉)ပေ၊ လုံးပတ်(၈)လက်မနှင့် အလေးချိန်(၉)ပိဿာ(၅၀)ကျပ် သားရှိ စပါးအုံးမြွေတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိခဲ့သည့် စပါးအုံးမြွေကို မြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူများထံသို့ ဆက်သွယ်ကာလွှဲပြောင်း ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူများ၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကေသီမောင်နှင့် တာဝန်ရှိသူများက ဖမ်းဆီး ရမိခဲ့သည့် စပါးအုံးမြွေကို လှော်ကားဥယျာဉ်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)