ထန်းတပင်(ရန်ကုန်)၊ စက်တင်ဘာ ၃၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ပန်းတိုင်-ဒေါင့်ကြီးတာ (ဒေါင့်ကြီးပန်းတာသစ်) လုပ်ငန်းဆောင်ရွက်ခြင်းနှင့် လမုတန်းကြီး - ကျွဲကူး - မြို့ချောင်းတံတား မြို့ရှောင်လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ဒေသခံတောင်သူများအား မြေယာလျော်ကြေးငွေများ ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
မြေယာလျော်ကြေးငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်နိုင်က ပန်းတိုင် - ဒေါင့်ကြီးတာ (ဒေါင့်ကြီးပန်းတာသစ်) လုပ်ငန်းစီမံကိန်း ဆောင်ရွက်မှုနှင့် စီမံကိန်းတွင် ပါဝင်သွားသော ဒေသခံတောင်သူများ၏ လယ်ယာမြေများအတွက် မြေယာလျော်ကြေး ငွေပေးအပ်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေဇင်လတ်က လမုတန်းကြီး - ကျွဲကူး - မြို့ချောင်းတံတား မြို့ရှောင်လမ်းဖောက်လုပ်မှု စီမံကိန်းဆောင်ရွက်မှုနှင့် စီမံကိန်းလုပ်ငန်းတွင် ပါဝင်သွားသော ဒေသခံတောင်သူများ၏ လယ်ယာမြေများအတွက် မြေယာလျော်ကြေးငွေ ပေးအပ်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေစိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်နိုင်၊ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေဇင်လတ်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပန်းတိုင် - ဒေါင့်ကြီးတာ (ဒေါင့်ကြီးပန်းတာသစ်) လုပ်ငန်း ဆောင်ရွက်ရာတွင် ပါဝင်သွားသော လယ်ယာမြေဧက (၈ ဒသမ ၀၃) အတွက် ဒေသခံတောင်သူ (၄) ဦးတို့အား မြေယာလျော်ကြေးငွေကျပ် စုစုပေါင်း ၂၀၀၇၅၀၀၀ နှင့် လမုတန်းကြီး - ကျွဲကူး - မြို့ချောင်းတံတား မြို့ရှောင်လမ်းမ ဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေဧက (၃၆ ဒသမ ၈၁၁) အတွက် ဒေသခံတောင်သူ (၂၈) ဦးတို့အား မြေယာလျော်ကြေးငွေ ကျပ် စုစုပေါင်း ၇၃၆၂၂၀၀၀ တို့ကို ဒေသခံ တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)