ထန်းတပင် ၄ မတ်
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၁၁) ရက်မှ (၂၀) ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ရှိ စာစစ်ဌာန (၇) ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲအား ကျောင်းသား၊ ကျောင်းသူ (၂၃၁၇) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထို့သို့ ဝင်ရောက်ဖြေဆိုကြရာတွင် ထန်းတပင်မြို့နယ်ရှိ အ.ထက (ထန်းတပင်) စာစစ်ဌာနတွင် (၆၂၃) ဦး၊ အ.ထ.က (ခွဲ) (အတွင်းသဲဖြူ) စာစစ်ဌာနတွင် (၂၈၉) ဦး၊ အ.ထ.က (ရေစိုမငေးစု) စာစစ်ဌာနတွင် (၃၈၈) ဦး၊ အ.ထ.က (အလိန်လည်) စာစစ်ဌာနတွင် (၂၄၈)ဦး၊ အ.ထ.က (နဲသမိန်) စာစစ်ဌာနတွင် (၁၀၈) ဦး၊ အ.ထ.က (ကျူတော) စာစစ်ဌာနတွင် (၃၅၈) ဦးနှင့် အ.ထ.က (လှည်းဆိပ်) စာစစ်ဌာနတွင် (၃၀၃) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၃၁၇) ဦးဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဖေဖော်ဝါရီ (၂၀) ရက်မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)


