ထရီပိုလီလေဆိပ် အမြောက်ဆံထိမှန်၊ လူသုံးဦး ဒဏ်ရာရ

၈ ဇူလိုင်

လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီ၏ မီတီဂါ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  တနင်္ဂနွေနေ့က အမြောက်ဆံထိမှန်ပြီး အလုပ်သမားသုံးဦး ဒဏ်ရာရရှိခဲ့ပြီး လေယာဉ်တစ်စင်း ပျက်စီးခဲ့ကြောင်း သတင်းများအရ သိရသည်။

 

2.2

 

အမြောက်ပစ်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်အမြောက်အများကို နာရီအနည်းငယ်ကြာ ရပ်ဆိုင်းခဲ့ရကြောင်း လေဆိပ်စီမံခန့်ခွဲသူများ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါ တိုက်ခိုက်မှုမှာ မည်သည့်အဖွဲ့၏ လက်ချက်မှန်း မသိရသေးပေ။ 

မီတီဂါအပြည်ပြည်ဆိုင်ရာလေဆိပ်သည် ထရီပိုလီမြို့လယ်မှ ၈ကီလိုမီတာအကွာခန့်တွင်  တည်ရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်