၁ ဇူလိုင်

 

လစ်ဗျားနိုင်ငံ ထရီပိုလီ မြို့တော်၏ M'etiga အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  ကုလသမဂ္ဂထောက်ခံသည့် အစိုးရ၏ တူရကီလုပ်ဒရုန်းယာဉ်တစ်စင်းကို ၎င်းတို့ဖျက်ဆီးခဲ့ကြောင်း လစ်ဗျားအရှေ့အခြေစိုက် စစ်တပ်က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

M'etiga စစ်တပ်ဌာနစိတ်တွင် ၎င်းတို့၏ တူရကီနိုင်ငံလုပ် ဘေးရက်ခ်တာ ဒရုန်းယာဉ် မြေပြင်မှ ပျံတက်နေစဉ် ပစ်မှတ်ထားပြီးဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ထိုစစ်တပ်၏ သတင်းအချက်အလက်ရုံးက ထုတ်ပြန်ကြေညာချက်တွင် ပြောကြားခဲ့သည်။

 

အဆိုပါ ဒရုန်းယာဉ်သည် စစ်တပ်ကိုတိုက်ခိုက်ရန် ပြင်ဆင်နေသည့် အတွက်ကြောင့်  ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ထိုဒရုန်းယာဉ်ကို တိုက်ခိုက်ပြီးလျှင်ပြီးခြင်း ယင်းလေဆိပ်တွင် လေကြောင်းလိုင်းများ ခေတ္တ ရပ်ဆိုင်းထားခဲ့သည်။

 

အရှေ့အခြေစိုက်စစ်တပ်သည် အစိုးရ အခြေစိုက်ရာ မြို့တော် ထရီပိုလီ ကို အာဏာသိမ်းယူရန် ဧပြီလအစောပိုင်းကတည်းက စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်။

 

ထိုတိုက်ပွဲများကြောင့်  အပြစ်မဲ့အရပ်သားများ အပါအဝင် ၇၃၉ ဦး သေဆုံးခဲ့ပြီး ၄၄၀၇ ဦး ဒဏ်ရာရှိခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းသို့ ပဋိပက္ခများ ဖြစ်ပွားသဖြင့်  အရပ်သား တစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြကြောင်း ဖော်ပြထားသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို