လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော်ဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားမှုများကြောင့် စုစုပေါင်း ၅၁၀ ဦး သေဆုံးခဲ့ပြီး ၂,၄၆၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မေလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
လစ်ဗျားနိုင်ငံ ထရီပိုလီမြို့မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် သေဆုံးသူ အရေအတွက်က ဆက်လက် မြင့်တက်နေပါတယ်။ မေ ၁၉ ရက် အထိ ၅၁၀ ဦး သေဆုံးပြီး ၂,၄၆၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။”ဟု WHO က တွစ်တာ စာမျက်နှာတွင် ဖော်ပြထားသည်။
Khalifa Haftar ဦးဆောင်သော လစ်ဗျားအရှေ့ပိုင်းအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့သည် ကုလသမဂ္ဂ ကျောထောက် နောက်ခံ ပေးထားသော လစ်ဗျားအစိုးရ အခြေစိုက်ရာ ထရီပိုလီမြို့တော်အား ပြန်လည် သိမ်းယူနိုင်ရန် ဧပြီလ အစောပိုင်းကတည်းက တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
၂ဝ၁၁ ခုနှစ်တွင် ခေါင်းဆောင်ဟောင်း မူအမ်မာကဒါဖီရာထူးမှ ပြုတ်ကျ သွားချိန်မှစ၍ အသွင်ကူးပြောင်းရေးကာလ ဆောင်ရွက်ရာတွင် မတည်ငြိမ်မှုအခြေအနေများ လစ်ဗျားနိုင်ငံက ရုန်းကန်ရလျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်