၉ စက်တင်ဘာ

 

 

အမေရိကန် သမ္မတ ထရမ့်က နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြန်လည် ရွေးကောက်ခံနိုင်ရေးအတွက် လိုအပ်ရင် ကိုယ်ပိုင်ငွေကို အသုံးပြုရန် အဆင်သင့် ဖြစ်နေကြောင်း အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

 

 

ထရမ့်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့တွေက သူတို့မှာ အလှူငွေ အခက်အခဲ ရှိနေကြောင်း ပြောကြားအပြီး သမ္မတက သူပိုင်ငွေကြေး သုံးစွဲဖို့ လိုအပ်ရင် အသုံးပြုသွားမယ်။ ဘာပဲလုပ်ရလုပ်ရ အနိုင်ရရေးအတွက် လုပ်ဆောင်မယ်လို့ သတင်းထောက်တွေကို ပြောကြားပါတယ်။

 

 

၂၀၁၉ ခုနှစ်က စပြီး သမ္မတရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် သုံးစွဲငွေဟာ အမေရိကန် ဒေါ်လာ သန်း ၈၀၀ နီးပါး ရှိနေကြောင်း အဲဒီပမဏဟာ အတိုက်အခံ ဒီမိုကရက် ပါတီရဲ့ သမ္မတလောင်း ဂျိုး ဘိုက်ဒန်ရဲ့ သုံးစွဲငွေထက် နှစ်ဆကျော်ရှိနေကြောင်း သိရပါတယ်။

 

 

ဂျိုးဘိုက်ဒန်ရဲ့ အောင်နိုင်ရေး အလှူငွေဟာ အစပိုင်းမှာ နည်းနည်းပဲရှိပြီး ဩဂုတ်လမှာတော့ အမေရိကန် ဒေါ်လာ ၃၆၅ သန်းအထိ ရောက်ရှိသွားတာကို တွေ့ရပါတယ်။

 

 

ရွေးကောက်ပွဲဟာ သီတင်း (၈)ပတ်သာ ကျန်တော့ချိန်မှာ ထရမ့်အတွက် ခရီးသွားရာတွင် သုံးစွဲရမယ့် ငွေကြေး၊ မဲဆန္ဒရှင်တွေဆီကို သွားရမယ့် စရိတ်နဲ့ ငွေကြေးအမြောက်အမြား သုံးစွဲရမယ့် ရုပ်မြင်သံကြားမှ ရွေးကောက်ပွဲ မဲဆွယ်စရိတ် စတာကိုတွေ သုံးစွဲဖို့ လိုအပ်တာကို တွေ့ရပါတယ်။

 

 

တနင်္လာနေ့က ကျင်းပခဲ့တဲ့ Super Bowl ပြိုင်ပွဲ အတွင်းမှာ သမ္မတ ထရမ့်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ကြော်ငြာအတွက် အမေရိကန် ဒေါ်လာ ၁၁ သန်း ကုန်ကျခဲ့ကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP

mdn