၁၉ ဇန်နဝါရီ

 

 

အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ပြောခွင့်ရသူ အမျိုးသမီးက သမ္မတ ထရမ့် ထုတ်ပြန်ထားတဲ့ ခရီးသွားလာခွင့် ပြန်လည် စတင်ရေးကို ပယ်ချကြောင်း ထရမ့်ရဲ့ကြေညာချက် ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ဉရောပနိုင်ငံ အများစုနဲ့ ဘရာဇီးနိုင်ငံတွေကနေ အမေရိကန် နိုင်ငံသို့ လာရောက်ခွင့်အား ပိတ်ပင်ထားခဲ့ပေမယ့် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်နဲ့ ပြန်လည် ဝင်ခွင့်ပြုမယ်လို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

 

 

ဘိုင်ဒန် အုပ်ချုပ်ရေးရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ အကြံပြုချက်အရ ခရီးသွားလာရေး တားမြစ်ချက်ကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ ဖယ်ရှားမယ်ဆိုတာ မဖြစ်နိုင်ကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု မဖြစ်ပွားအောင် နိုင်ငံတကာက ခရီးသွားတွေကို တင်းကျပ်ထားခြင်းအားဖြင့် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုကို အင်အားကောင်းအောင် လုပ်ဆောင်နေတာသာဖြစ်ကြောင်း၊ နိုင်ငံတကာ က ခရီးသွားတွေအား တားမြစ်မှုတွေ ဖယ်ရှားပေးရမယ့် အချိန်မဟုတ်သေးကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။

 

 

ထရမ့် အစိုးရက ၂၀၂၀ ဇန်နဝါရီ ၃၁ ရက်နေ့က စပြီး တရုတ်နိုင်ငံကနေ လာရောက်မယ့် အမေရိကန် နိုင်ငံသား မဟုတ်သူတွေအား ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဥရောပနိုင်ငံတွေအား အလားတူ ပိတ်ပင်မှုမျိုးကို မတ်လ ၁၄ ရက်နေ့ကစပြီး ချမှတ်ခဲ့ပါတယ်။

 

 

ရောဂါပိုး ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့ (CDC) က အမေရိကန်နိုင်ငံကို လာရောက်မယ့်သူတိုင်း ခရီး မစတင်မီ ၃ ရက်အတွင်း ရရှိထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း လိုအပ်ကြောင်း၊ အမေရိကန် နိုင်ငံကို ရောက်ရှိလာတဲ့ ခရီးသွားတွေဟာ ၃ ရက်ကနေ ၅ ရက် အတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ထပ်မံစစ်ဆေးရန်နဲ့ အနည်းဆုံး ၇ ရက် နေအိမ်မှာ နေထိုင်ရန် လိုအပ်ခြင်း စတဲ့ အကြံပြုချက်တွေကို  (CDC) က အကြံပြုထားပြီး ရက်ပိုင်း အတွင်းမှာ ဘိုင်ဒန် နဲ့ ထရမ့် အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေ အသီးသီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP

mdn