​​​​​​​ထရမ့်က နောက်တစ်ကြိမ် ရွေးကောက်ခံရရေးအတွက်  တရုတ်သမ္မတ ရှီ ကို အကူအညီတောင်းကြောင်း ဂျွန်ဘော်တန် ပြော

၁၈ ဇွန်

 

အမေရိကန် သမ္မတ ထရမ့်အစိုးရအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးဟောင်း ဂျွန်ဘော်တန် ရေးသားတဲ့ The Room Where It Happened စာအုပ်ထဲမှာ ဒေါ်နယ်ထရမ့်ဟာ နောက်တစ်ကြိမ် ရွေးကောက်ခံရေးအတွက် တရုတ်သမ္မတ ရှီကျင့်ပင် ကို အကူအညီတောင်းခဲ့ကြောင်း ရေးသားထားပါတယ်။

 

ထရမ့်ဟာ နောက်တစ်ကြိမ် ရွေးကောက်ခံရေးအတွက် သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒကို ခွဲခြားပြီး ကျင့်သုံးကြောင်း ဘော်တန်က စွပ်စွဲထားပါတယ်။

 

သမ္မတ ထရမ့်က တရုတ်နိုင်ငံရှိ ဝီဂါ မူစလင်ကိစ္စနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံကို လူ့အခွင့်အရေး ချိုးဖောက်သူအဖြစ် ထပ်ခါထပ်ခါ ပြောဆိုဖို့ အဆင်သင့် ဖြစ်နေတာကို ပြကြောင်း ဘော်တန်က စွပ်စွဲထားသလို သူ့အိမ်ဖြူတော်မှာ အလုပ်လုပ်နေစဉ်မှာ ထရမ့်က နောက်တစ်ကြိမ် ရွေးချယ်ခံရေးအတွက် မလုပ်ခဲ့တာမျိုးကို ပြဖို့ဆိုတာ ခက်ခဲကြောင်း ပြောပါတယ်။

 

ဒီစာအုပ်မှာ စာမျက်နှာပေါင်း ၅၇၇ ပါရှိပြီး ဇွန် ၂၃ ရက်နေ့မှာ ကမ္ဘာတစ်ဝန်းရှိ စာအုပ်ဆိုင်တွေပေါ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မနေ့ညပိုင်းက အမေရိကန် တရားရေးကနေ အဲဒီစာအုပ်ကို မထုတ်ဝေးရေးအတွက် အရေးပေါ် အမိန့်နဲ့ ရှာဖွေခဲ့ပေမယ့် စာအုပ်ဟာ ကမ္ဘာကို ရောက်ရှိပြီး ဖြစ်ပါတယ်။

 

အဲဒီစာအုပ်ကို Simon & Schuster ထုတ်ဝေရေးမှ ထုတ်ဝေမှာ ဖြစ်ပါတယ်။

 

ထရမ့်ရဲ့ ပြိုင်ဘက်သမ္မတလောင်း ဂျိုးဘိုင်ဒန်ကတော့ ဒီစာအုပ်မှာ ပါဝင်မယ့် အကြောင်းအရာတွေက အမှန်သာ ဖြစ်ခဲ့မယ်ဆိုရင် ထရမ့်ဟာ စာရိတ္တအားဖြင့် အပုပ်နံ့လှိုင်နေသလို အမေရိကန်နိုင်ငံရဲ့ တာဝန်ထမ်းဆောင်ရာမှာ တာဝန်ဝတ္တရား ချိုးဖောက်ရာ ရောက်နေတယ်လို့ ပြောလိုက်ပါတယ်။

 

ဂျွန်ဘော်တန်ဟာ အိမ်ဖြူတော်ကို ၂၀၁၈ ခုနှစ် ဧပြီမှာ စတင်အလုပ်လုပ်ခဲ့ပြီး သမ္မတနဲ့ သဘောထား မတူတဲ့အတွက် စက်တင်ဘာလမှာ ထွက်ခွာခဲ့ကြောင်း ပြောပါတယ်။ ဒါပေမယ့် သမ္မတ ထရမ့်ကတော့ သူက ဘော်တန်ကို အလုပ်မှ ဖြုတ်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။

 

MDN

ကိုးကား - AFP