ဝါရှင်တန် ၁၉ ဇူလိုင်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တရားစွဲဆိုမည့်ကိစ္စကို ရပ်ဆိုင်းရန် လွှတ်တော် တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ဒီမိုကရက်အများစုရှိသည့် အောက်လွှတ်တော်က အဆိုပါ ကိစ္စကို ရပ်ဆိုင်းရန် ယမန်နေ့က မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မိမိအပေါ် တရားစွဲဆိုမည့်ကိစ္စကို အချေအတင်ဆွေးနွေးမှုသည် မိမိဆောင်ရွက် ခဲ့သမျှ ကိစ္စများထဲတွင် အဓိပ္ပာယ်မရှိဆုံး၊ အချိန်အဖြုန်းဆုံးကိစ္စဖြစ်ကြောင်း ထရမ့် က ပြောသည်။ ယခုကိစ္စပြီးဆုံးသွားပြီးသည့်နောက်ပိုင်းတွင် အသစ်တက်လာမည့် မည်သည့်အမေရိကန်သမ္မတကိုမဆို မည်သူမျှ ယခုလိုလုပ်ခွင့်မပြုသင့်ကြောင်း ၎င်းက ပြောသည်။
အမေရိကန်သမ္မတ ထရမ့်သည် လူနည်းစုအမတ်အချို့ကို ယခုလတ်တလော တွင် လူမျိုးရေးခွဲခြားသည့်ပုံစံမျိုး ပြောဆိုခဲ့သည့်အတွက် ၎င်းအား လူမျိုးရေး ခွဲခြားသူအဖြစ် အောက်လွှတ်တော်က ဝေဖန်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။
အီဟန်အိုမာ၊ အလက်ဇန်ဒရီရာ အော်စကာစီရို-ကော်တက်၊ အယာနာပရက်စ် စလေနှင့် ရာရှီဒါတာလစ်တို့လေးဦးကို ၎င်းတို့၏ မူရင်းနိုင်ငံများဆီပြန်သွားရန် တွစ်တာပေါ်တွင် ရေးသားခဲ့ပြီးနောက် ယခုလို အငြင်းပွားစရာကိစ္စရပ်များ ဖြစ်လာ ခဲ့ခြင်းဖြစ်သည်။
လာမည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံနိုင်ရန် အတွက် ထောက်ခံသူများပြားလာအောင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကြိုးစားလျက်ရှိရာ ဂရင်းဗီလီတက္ကသိုလ်မြို့တွင်လည်း ထောက်ခံသူများကို မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း သိရသည်။
အေအက်ဖ်ပီ