၇ အောက်တိုဘာ
ဒီမိုကရက်ပါတီမှ သမ္မတလောင်း ဂျိုးဘိုင်ဒန်က အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းတွေရဲ့ ဒုတိယအကြိမ် စကားစစ်ထိုးပွဲကို ဒေါ်နယ်ထရမ့်မှာသာ ကိုရိုနာဗိုင်းရပ်စ်ပိုး ဆက်လက်ရှိနေမယ်ဆိုရင် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းကို ဘိုင်ဒန်က လိုက်နာသွားမယ်လို့ အင်္ဂါနေ့က ပြောကြားပါတယ်။
ဂျိုး ဘိုင်ဒန်က စကားစစ်ထိုးပွဲလုပ်ဖို့စိတ်ပါဝင်စားပေမယ့် ပြဋ္ဌာန်းထားတဲ့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းအားလုံးကို လိုက်နာဖို့ လိုအပ်ကြောင်း မဲဆွယ်ပွဲကနေ အပြန် သတင်းထောက်တွေကို ပြောကြားပါတယ်။
အသက် ၇၄ နှစ်အရွယ် သမ္မတထရမ့် မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိကြောင်း ပြီးခဲ့တဲ့ သောကြာနေ့ က ကြေညာခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း မကြေညာခင် နှစ်ရက်အလို မှာ ဘိုင်ဒန်နဲ့ထရမ့် မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲလုပ်ခဲ့ပါတယ်။
ဒုတိယအကြိမ် စကားစစ်ထိုးပွဲ ဟာ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျင်းပဖို့ ရှိနေပေမယ့် ထရမ့်မှာသာ ဗိုင်းရပ်စ်ပိုး ရှိနေသေးရင် စကားစစ်ထိုးပွဲ မလုပ်သင့်ဖူးလို့ ဘိုင်ဒန်က ပြောကြားတာဖြစ်ပါတယ်။
ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းအရ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ ပထမအကြိမ် ပိုးတွေ့ရှိပြီးနောက် ၁၀ ရက်တိတိ နေအိမ်မှာ နေထိုင်ရမှာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူမှာ အပြင်းအထန် ဖျားနာခဲ့မယ်ဆိုရင် နေအိမ်မှာ ရက် ၂၀ တိတိ နေထိုင်ရမှာ ဖြစ်ပါတယ်။
ဘိုင်ဒန်က ကျန်းမာရေးဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက် ဆရာဝန်တွေရဲ့ ညွှန်ကြားမှုအတိုင်း လိုက်နာသွားမယ်လို့ ဆိုပါတယ်။
သမ္မတ ထရမ့်ဟာ ပြီးခဲ့ သောကြာနေ့က ဝေါ့တားရီဒ် စစ်ဆေးရုံမှာ ဗိုင်းရပ်စ်ပိုး ကုသခံယူခဲ့ပြီး တနင်္လာနေ့ညနေပိုင်းမှာတော့ အိမ်ဖြူတော်ကို ပြန်ရောက်ခဲ့ပြီဖြစ်ပါတယ်။
MDN
ကိုးကား - AFP