၁၈  ဖေဖော်ဝါရီ

 

ဗီယက်နမ်နိုင်ငံတွင် ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွက်  အမေရိ ကန်နှင့်မြောက်ကိုရီးယားနိုင်ငံမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

 

ယခုလ နောက်ဆုံးပတ်ဖြစ်သော ဖေဖော်ဝါရီလ ၂၇နှင့်၂၈နေ့တွင် ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏  ထိပ်တန်းလက်ထောက်တစ်ဦးဖြစ်သော ကင်ချန်ဆွန်ဦးဆောင်သည့် မြောက်ကိုရီးယားအဖွဲ့တစ်ဖွဲ့သည် စနေနေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်သို့ ရောက်ရှိခဲ့သည်။

 

ကင်ချန်ဆွန်သည် ဗီယက်နမ်တာဝန်ရှိသူများနှင့်တွေ့ဆုံပြီးနောက် ခေါင်းဆောင်များနေထိုင်ဖွယ်ရှိသည့် ဟိုတယ်သို့ သွားရောက်ခဲ့သည်။

 

၄င်းသည် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ပထမဆုံးအကြိမ် အမေရိကန်-မြောက်ကိုရီးယား  ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ခဲ့သူလည်းဖြစ်သည်။

 

အမေရိကန်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကလည်း သမ္မတ ဒေါ်နယ်ထရန့်အတွက် ဖြစ်နိုင်ဖွယ်ရာ နေရာထိုင်ခင်းများကို အသေးစိတ် ကြည့်ရှုလေ့လာခဲ့သည်။

 

အမေရိကန်နှင့်မြောက်ကိုရီးယားခေါင်းဆောင်များသည် ထိပ်သီးဆွေးနွေးပွဲ အသေးစိတ်အချက်အလက်များကို ညိုနှိုင်းဆွေးနွေးရန် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

 

ဘာသာပြန်-မေဇော်ထက်

 

translate MZH