အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ ဗီယက်နမ်နိုင်ငံမြို့တော်တွင် ဒုတိယအကြိမ်ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲအတွက် ကျင်းပမည့်နေရာကို သတ်မှတ်လိုက်ပြီဖြစ်သည်။ ဒေါ်နယ်ထရန့်နှင့် ကင်ဂျုံအန်းတို့သည် နှစ်ရက်ကြာ ဆွေးနွေးပွဲ ပထမနေ့အဖြစ် ယနေ့ တစ်ဦးချင်းတွေ့ဆုံရန် စီစဉ်ထားလျက်ရှိသည်။
အဆိုပါ အစီအစဉ်အရ ကိုရီးယားကျွန်းဆွယ် နျူကလီးယားအဆင့်လျော့ချရေးအတွက် ပထမအဆင့် ဆွေးနွေးမည်ဖြစ်သည်။
ထရန့်သည့် အင်္ဂါနေ့ညနှောင်းပိုင်းတွင် ဗီယက်နမ်သို့ ရောက်ရှိလာခဲ့သည်။
ထရန့်သည် ဟနွိုင်းမြို့ရှိ ပြင်သစ်ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် ကင်ဂျုံအန်းနှင့်တွေ့ဆုံမည်ဟု အိမ်ဖြူတော်က ပြောကြားသည်။
ကင်သည် နာရီပေါင်း ၆၀ကြာ မီးရထားစီးပြီး ဟနွိုင်းမြို့တော်သို့ ရောက်ရှိလာခဲ့သည်။ ဟနွိုင်းရှိ တာဝန်ရှိသူများက ကင်ဂျုံအန်းအား အကျဉ်းချုပ်ရှင်းပြခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြသည်။
ကင်က မြောက်ကိုရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှုများ ဖြေလျော့ပေးရန် ထရန့်ထံတောင်းဆိုမည်ဟု ယုံကြည်ရသည်။
ဇွန်လအတွင်း ၎င်းတို့၏ ပထမဆုံး ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ နျူကလီးယား လျော့ချရေးအတွက် ဟောပြောပွဲများကို ပြုလုပ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုက နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် မြောက်ကိုရီးယားနိုင်ငံအပေါ် တွန်းအားပေးလျက်ရှိသည်။ နျူလက်နက်ဖျက်သိမ်းရေးကို အလျင်စလို တွန်းအားပေးမည် မဟုတ်ဟု ဗီယက်နမ်သို့မထွက်ခွာမီ ထရန့်က ပြောကြားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်