ထရန့်၏ မဲဆွယ်စည်းရုံးရေးပွဲ လူထုစိတ်ဝင်စားမှု နည်းပါး

၂၂ ဇွန်

 

 

ဒေါ်နယ်ထရန့်၏ သုံးလအတွင်း ပြန်လည်ရွေးကောက်ခံရန် ပထမဆုံးအကြိမ် မဲဆွယ်စည်းရုံးပွဲမှာ မျှော်လင့်ထားသည်ထက် တက်ရောက်သူ နည်းပါးခဲ့ဟု ဆိုသည်။

 

 

အဆိုပါပွဲကို လူပေါင်း ၁၉၀ဝ၀ တက်ရောက်ဆံ့သော အိုကလာဟိုမားပြည်နယ် တဲလ်ဆာတွင် စနေနေ့ အတွင်းက ကျင်းပခဲ့ခြင်းဖြစ်သည်။

 

 

အဆိုပါ ထရန့်၏ စည်းရုံးရေးပွဲကို လူပေါင်းတစ်သန်းခန့် တက်ရောက်မည်ဟု မျှော်လင့်ခဲ့ပြီး ထိုင်ခုံနေရာများ အဆင်ပြေစေရန်အတွက် ပြင်ပနေရာများကိုလည်း စီစဉ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

အဆိုပါ ပွဲ၏ အလယ်တွင် ထိုင်ခုံနေရာများမှာ လွတ်လျက် ရှိနေသည်။ လူပေါင်း ၆၂၀ဝ တက်ရောက်ခဲ့ကြောင်း မီးသတ်ဌာနကို ကိုကားပြီး အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

 

 

ထရန့်၏ မဲဆွယ်စည်းရုံးရေး အခမ်းအနားသို့ အစွန်းရောက် ဆန္ဒပြသူများက တက်ရောက်သူများ မလာရောက်စေရန် ဝင်ပေါက်များကို ပိတ်ပင်ထားခဲ့သည်။

 

 

ငယ်ရွယ်သေ  လူမှုမီဒီယာ သုံးစွဲသူများက လက်မှတ်ကောင်တာများ ထားရှိကာ တက်ရောက်သူများစွာ ရှိကြောင်း ချဲ့ကားပြောဆိုခဲ့သည်ဟု မီဒီယာများက ဖော်ပြသည်။

 

 

ယခုဆောင်ရွက်ချက်များက ရွေးကောက်ပွဲအတွက် အဟန့်အတား တစ်ခုဖြစ်ကြောင်း ထရမ့်ကို ထောက်ခံသူအချို့က ပြောသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်