၂၅ ဖေဖော်ဝါရီ

 

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး သဘောတူညီချက်ကို မတ်လ ပထမပိုင်းတွင် နောက်ဆုံးသတ်မှတ်ထားကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

ထရန့်က နှစ်ဖက်ဆွေးနွေးမှု သိသိသာသာတိုးတက်မှုရရှိခဲ့ပြီး ရလဒ်အနေဖြင့်  အမေရိကန် အခွန်အကောက်တိုးတက်မှု နှောင့်နှေးကြန့်ကြာမည်ဖြစ်ကြောင်း ယမန်နေ့က တွစ်တာတွင် ရေးသားထားကြောင်း သိရသည်။

 

ေ

 

အဆိုပါ ကြေညာချက်သည်  ဝါရှင်တန်ရှိ  နှစ်နိုင်ငံအဆင့်မြင့် ကုန်သွယ်ရေးဆွေးနွေးပွဲ အဆင်ပြေချောမွေ့စွာ ပြီးဆုံးပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ထရန့်က မူပိုင်ခွင့် ကာကွယ်ခြင်း၊ နည်းပညာလွှဲပြောင်းခြင်းနှင့် စိုက်ပျိုးရေး လုပ်ငန်းတို့တွင် အခြေအနေတိုးတက်မှုရှိရန် အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်အတူ သဘောတူညီချက် အပြီးသတ်ဆုံးဖြတ်ချက်ချရန် ဖလော်ရီဒါရှိ မာအေလာဂို အပန်းဖြေနေရာတွင် ထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပရန် မိမိအနေဖြင့် မျှော်လင့်ပါကြောင်း ထရန့် က ဆိုသည်။

 

ိ္

 

နှစ်နိုင်ငံ အဆင့်မြင့်အရာရှိကြီးများက လေးရက်ကျော်ကြာ ဆွေးနွေးပွဲများတွင် ၎င်းတို့၏ ကွဲပြားခြားနားချက်များ လျှော့ချရေးကြိုးစားသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ယမန်နှစ်ကစတင်ပြီး တရုတ်နှင့် အမေရိကန်နိုင်ငံတို့ အခွန်တိုးမြှင့် ကောက်ခံခဲ့ကြောင်းနှင့် ယင်းကုန်သွယ်ရေးသဘောတူညီချက် ဆွေးနွေးပွဲ မအောင်မြင်ပါက  ၂၀ဝ ဘီလီယျံ ဒေါ်လာတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများကို ၂၅ ရာခိုင်နှုန်း ထပ်မံတိုးမြှင့် ကောက်ခံမည် ဖြစ်ကြောင်း အမေရိကန်ဘက်က ခြိမ်းခြောက်ခဲ့သည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို