၁၃ စက်တင်ဘာ
Adult film star စတွန်းမီ ဒန်နီရယ် က သူနဲ့ သမ္မတ ဒေါ်နယ်ထရန့် တို့ရဲ့ ဇာတ်လမ်းအကြောင်း အသေးစိတ်ရေးထားတဲ့ ကိုယ်တိုင်ရေးအတ္ထုပတ္တိ စာအုပ်ကို နောက်လ အောက်တိုဘာလမှာ ထုတ်ဝေမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။ စာအုပ်ထုတ်မယ့် အောက်တိုဘာလ ၂ ရက်နေ့ဟာ အမေရိကန်မှာ သမ္မတသက်တမ်း တစ်ဝက်မှာ ရွေးကောက်ပွဲကျင့်လေ့ရှိတဲ့ အချိန်နဲ့ သိပ်မကွာဘူးလို့ ဆိုနိုင်ပါတယ်။
၂၀ဝ၆ ခုနှစ်မှာ ဒေါ်နယ်ထရန့်ဇနီး သူတို့ရဲ့သား ဘာရွန်မွေးဖွားချိန်မှာ သူနဲ့ ဒေါ်နယ်ထရန့် ဇာတ်လမ်းဖြစ်ခဲ့တယ်။ အဲဒီအကြောင်းအရာ အားလုံးကို ရေးထားတာဖြစ်ပြီး ဒီစာအုပ်ဟာ ဒန်နီရယ်ရဲ့သမီး သူ့ဇာတ်လမ်းကို သိဖို့ ရည်ညွန်းပြီး ရေးထားတဲ့ စာအုပ်ဖြစ်တယ်လို့ ဒန်နီရယ်က ပြောပါတယ်။ ဒါပေမယ့် ဒီစာကို သူ့သမီးဖတ်နိုင်ဖို့ အရွယ်ရောက်တဲ့အချိန်အထိ စောင့်ရအုံးမယ်လို့ဆိုပါတယ်။
ABC သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရန့်ကို ရည်ရွယ်ပြီး “ဒီကိစ္စနဲ့ပတ်သက်ပြီး ထိန်ချန်မှုတွေ လုပ်ထားမယ်လို့ ထင်နေလား။ ဖြစ်ခဲ့တဲ့ဇာတ်လမ်းစုံကို အကုန်ရေးမယ်။ လူတွေက အဲဒီအပေါ်မှာ ကျွန်မဘယ်လိုလူမျိုးလဲဆိုတာ ထင်ကြေးပေးမယ်။ ဒါပေမယ့် အမှန်တရားတွေ ဖြစ်စေရမယ် ” လို့ ဒန်နီရယ်က ပြောထားပါသေးတယ်။
ဒီစာအုပ်ထုတ်ချိန်ဟာ ဒေါ်နယ်ထရန့်အတွက် ရွေးကောက်ပွဲမတိုင်ခင် ၃ ပတ်အလို မှာ ဖြစ်တယ်လို့ ဒန်နီရယ်ရဲ့ ရှေ့နေက ပြောပါတယ်။
ထရန့်ကတော လူသိရှင်ကြား ဒီဇာတ်လမ်းကို ငြင်းထားပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကိုယ်ပိုင်ရှေ့နေဟောင်း မိုက်ကယ် ကိုဟန် ကတော့ ဒန်နီရယ်ကို ငွေအမြှောက်များ သူ့ရဲ့ ကိုယ်စားလှယ်လောင်းအတွက် ပေးရတယ်လို့ ဝန်ခံထားပြီးဖြစ်ပါတယ်။
MDN
ကိုးကား-AFP