၂၄ ဇန်နဝါရီ


နောက်လနှောင်းပိုင်းတွင် သမ္မတဒေါ်နယ်ထရမ့်နှင့် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးပွဲပြုလုပ်ရန် စိတ်အား ထက်သန်နေကြောင်း  မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ထုတ်ဖော် ပြောကြားခဲ့သည်။


ကင်ဂျုံအန်း၏ အနီးကပ်လက်ထောက်ဖြစ်သူ ကင်ယောင်ချိုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ အခြားအ စိုးရအရာရှိများနှင့် တွေ့ဆုံခဲ့သည့် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း အမေရိကန်ပြည်ထောင်စုသို့ ၎င်းသွား ရောက်ခဲ့သော ခရီးစဉ်နှင့်ပတ်သက်၍ ကင်ဂျုံအန်းသို့ အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်း နိုင်ငံပိုင် ကိုရီးယား ဗဟိုသတင်းဌာနက ယနေ့ရေးသားဖော်ပြခဲ့သည်။


ထရန့်ထံမှ  စာတစ်စောင် လက်ခံရရှိမှုအတွက် စိတ်ကျေနပ်မှုရှိပါကြောင်း၊ ပြဿနာများကိုဖြေရှင်းသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏  စိတ်ဆန္ဒပြင်းပြမှုနှင့် စွမ်းရည်ကို ကြိုဆိုပါကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့သည်ဟု ယင်းသတင်းဌာနက ဖော်ပြသည်။
နှစ်နိုင်ငံရည်မှန်းထားသော ပန်းတိုင်သို့ရောက်ရှိရန် ထရန့်၏ အပြုသဘောဆောင်သော တွေးခေါ်မှုနည်းလမ်း၊ စိတ်ရှည်သည်းခံမှုနှင့် ကောင်းမွန်သောယုံကြည်မှုအပြင် တစ်ဆင့်ချင်းလုပ်ဆောင်မှုကို ယုံကြည်မည်ဟု ကင်ဂျုံ အန်းက ပြောကြားသည်။ 


နျူကလီးယားဖျက်သိမ်းရေးအတွက် နှစ်ဦးနှစ်ဖက်မှာ အခြေအနေတင်းမာနေဆဲဖြစ်သည်ဟု သံတမန်ရေးရာ လေ့လာသူများဆိုသည်။ နျူကလီးယား စမ်းသပ်ရေးနယ်မြေတစ်ခု ပိတ်ပစ်ခြင်းကဲ့သို့သော  ဆောင်ရွက်ချက် များ လုပ်ဆောင်ခဲ့သောကြောင့် စီးပွားရေးပိတ်ဆို့မှုဖြေလျော့ရန် မြောက်ကိုရီးယားနိုင်ငံက တောင်းဆိုလျက်ရှိသည်။


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn