၆ ဇန်နဝါရီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဗီယက်နမ်နိုင်ငံတွင် ဖေဖော်ဝါရီလ ၂၇ရက်နေ့နှင့် ၂၈နေ့တို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကျင်းပရန် စီစဉ်ထားကြောင်း အမေရိကန်မီဒီယာတစ်ခုက အင်္ဂါနေ့တွင် ရေးသားဖော်ပြခဲ့သည်။

ယမန်နေ့က အမေရိကန်ပြည်သူများသို့ ထရန့် ပြောကြားခဲ့သည့် နိုင်ငံတော်အခြေပြမိန့်ခွန်းအတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့်ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ထည့်သွင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်းအတွင်း ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာခဲ့ကြောင်း ထရန့်နှင့်နီးကပ်မှုရှိသည့် ပုဂ္ဂိုလ်တစ်ဦးအားကိုးကား၍ ပြောကြားသည်။
ကိုးကား-ကျိုဒို
ဘာသာပြန်-မေဇော်ထက်
