အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မြောက်ကိုရီးယားခေါင်းဆောင်း ကင်ဂျုံအန်းနှင့်ပြုလုပ်မည့် ထိပ်သီး ဆွေးနွေးပွဲအတွင်း အစည်းအဝေးပွဲတစ်ခုနှင့် ညစာစားပွဲတစ်ခုပါဝင်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။
ထရန့်သည် ဗုဒ္ဓဟူးနေ့ နေ့လယ်နှောင်းပိုင်းတွင် ကင်နှင့် ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးမပြုလုပ်မီ ဗီယက်နမ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု အိမ်ဖြူတော်အရာရှိများက ပြောကြားသည်။
နောက်ဆက်တွဲကျင်းပမည့် ညစာစားပွဲသို့ လူအနည်းငယ်မျှသာ တက်ရောက်မည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ ထရန့်နှင့်အတူ ညစာစားပွဲသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် အိမ်ဖြူတော် အကြီးအကဲဖြစ်သူ မစ်မူဗာနေးတို့လည်း တက်ရောက်ကြမည်ဖြစ်သည်။
ကင်ဂျုံအန်း၏ အနီးကပ်လက်ထောက်ဖြစ်သူ ကင်ယောင်ချိုက လိုက်ပါလာဖွယ်ရှိသည်။
ပွန်ပီယိုသည် အင်္ဂါနေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
ပွန်ပီ ၎င်းသည် အမေရိကန်အထူးကိုယ်စားလှယ် စတီဗင်ဘင်ဂန်နှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။ ဘင်ဂန်သည် ထိပ်သီးဆွေးနွေးအတွက် ကြိုတင်ပြင်ဆင်ရန် မြောက်ကိုရီးယားအရာရှိများနှင့် ညှိနှိုင်း ဆွေးနွေးလျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်