၂၆ မတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရဲ့ အမေရိကန်-မက္ကဆီကိုနယ်စပ်ကိုတံတိုင်းခတ်ရန်အတွက် ပင်တာဂွန် အကြီးအကဲ ပက်ထရစ် ရှာနာဟန် က ဒေါ်လာ ၁ ဘီလီယံကို မနေ့က ထုတ်ပေးလိုက်ကြောင်း သိရပါတယ်။
မက္ကဆီကိုနယ်စပ်မှာ တံတိုင်းအမြင့် ၁၈ ပေ ရှိပြီး ၅၇ မိုင်ရှည်တဲ့တံတိုင်းခတ်ရန်၊ လမ်းတွေ ပြန်ပြင်ဆင်ရန်နဲ့ လျှပ်စစ်မီး တပ်ဆင်ရန်အတွက် ပင်တာဂွန်က ရန်ပုံငွေပေးခဲ့တာဖြစ်ပါတယ်။

အဲဒီရန်ပုံငွေကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ရည်ရွယ်ပြီး ပြည်တွင်း လုံခြုံရေးနဲ့ နယ်စပ်ကာကွယ်ရေးထောက်ပံ့ရန်အတွက် ပေးခဲ့အပ်ခဲ့ကြောင်း ပင်တာဂွန်ရဲ့ကြေငြာချက်မှာ ရေးသားထားပါတယ်။
ဒီကြေငြာချက်ဟာ ပင်တာဂွန်အကြီးအကဲက အောက်လွတ်တော်မှာ ပင်တာဂွန်အသုံးစရိတ်နဲ့ပတ်သတ်ပြီး လာရောက်မဖြေရှင်းခင်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒေါ်နယ်ထရန့်က ရွေးကောက်ပွဲမဲဆွယ်စဉ်က ကတိပေးခဲ့တဲ့ မက္ကဆီကိုနယ်စပ်တံတိုင်းခတ်ရန်အတွက် ရန်ပုံငွေ ဒေါ်လာ ၈ ဘီလီယံ အသုံးပြုပြီး တံတိုင်းခတ်ရန် ကြိုးပမ်းရာ အောက်လွတ်တော်က ရန်ပုံငွေကို မပေးခဲ့သလို၊ သမ္မတက အရေးပေါ်ကြေငြာချက်ပြီး ရန်ပုံငွေရရှိရန် ကြိုးစားတဲ့အပေါ်မှာလည်း လွှတ်တော်အမတ်တွေက သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်တယ်လို့ ပြောဆိုမျိုးနဲ့ ကြုံခဲ့ရပါတယ်။
MDN
ကိုးကား - AFP
