ထရန့်ရဲ့မကောင်းမှုတွေကို ဖုံးထားပေးတဲ့အတွက် သူထောင် ၃ နှစ်ကျခံရတယ်လို့ ထရန့်ရဲ့ရှေ့နေဟောင်းက ပစ်တင်ပြောဆို

ဒေါ်နယ်ထရန့်ရဲ့ ရှေ့နေဟောင်း မိုက်ကယ်ကိုဟင်က သူရဲ့အလုပ်ရှင်ဟောင်းရဲ့ မကောင်းမှုတွေကို ဖုံးထားပေးတဲ့အတွက် ထောင်ဒဏ် ၃ နှစ်ကျခံရတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

အသက် ၅၂ အရွယ် မိုက်ကယ်ကိုဟင်ဟာ နယူးယောက်ရှိ မက်ဟန်တန်တရားရုံးမှာ သူဟာပစ်မှုကျုးလွန်ခဲ့တဲ့အတွက် တာဝန်ယူပါတယ်။ အဲဒီပစ်မှုတွေထဲမှာ အမေရိကန်နိုင်ငံရဲ့ သမ္မတလည်းပါဝင်နေပါတယ်လို့ မနေ့က (ဗုဒ္ဓဟူးနေ့) ထွက်ဆိုသွားပါတယ်။ မက်ဟန်တန်တရားရုံးက တရားသူကြီးဝီလီယံပေါလီက ကိုဟင်ဟာ ရှေ့နေဖြစ်တယ် သူကောင်းကောင်းသိသင့်တယ်လို့ ပြောပြီး ထောင်ဒဏ် ၃ နှစ်ကို သူအချုပ်ခံရတဲ့ မတ်လ ၆ ရက်နေ့ကနေ စတင်စေလို့ အမိန့်ချလိုက်ပါတယ်။

မိုက်ကယ်ကိုဟင်ဟာ ထောင်ဒဏ်အပြင် ဒဏ်ငွေနဲ့လျှော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂ သန်းလည်း ပေးဆောင်ရမှာဖြစ်ပါတယ်။ 

မိုက်ကယ်ကိုဟင်ကို စီရင်ချက်ချရာ တရားရုံးမှာ ချိုင်းထောက်နဲ့ သမီးရယ်၊ သားရယ်၊ ဇနီးနဲ့ အတူ အသက် ၈၃ နှစ်အရွယ် ရှိ ဘီးတပ်ကုလားထိုင်နဲ့လာရတဲ့ အဖေဖြစ်သူ အပါအဝင် တခြားမိသားစုဝင်တွေလည်း ရှိနေခဲ့ပါတယ်။

ကိုဟင်ဟာ ထရန့်အဖွဲ့အစည်းရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ၁၂ နှစ်အလုပ်လုပ်ခဲ့သူဖြစ်ပြီး နယူးယောက်ရဲ့ ဘီလီယံနာသူဌေးတွေထဲမှာ တစ်ယောက်ပါဝင်သူဖြစ်ပါတယ်။

ကိုဟင်ရဲ့ ရုံးခန်းတွေနဲ့နယူးယောက်က အိမ်ကို ပြီးခဲ့တဲ့ ဧပြီလက ဝင်ရောက်ရှာဖွေစဉ်မှာ စာရွက်စာတမ်းတွေနဲ့ အီလက်ထရောနစ် ပစ္စည်းတွေပါ သက်သေအဖြစ် သိမ်းယူထားပြီးဖြစ်ပါတယ်။

MDN
ကိုးကား- AFP