ရန်ကုန် ၇ မတ်
ရန်ကုန်မြို့ အလုံလမ်း ပြည်သူ့ဥယျာဉ်ရှိ The Yangon Gallery တွင် ဓာတ်ပုံဝါသနာရှင် ၄၄ ဦး၏ လက်မ(၂၀×၃၀)ရှိ ဓာတ်ပုံပေါင်း ၈၀ ကျော်တို့ကို မတ် ၈ ရက်မှ ၁၀ ရက်အထိ ပြပွဲကျင်းပသွားမည်ဖြစ်သည်။ ထိုဓာတ်ပုံများတွင် မြန်မာနိုင်ငံ၏ သဘာဝအလှရှုခင်းများ၊ ရိုးရာဓလေ့ယဉ်ကျေးမှုဖော်ကျူးသော ဓာတ်ပုံများ ပါဝင်သည်။
ယင်းဓာတ်ပုံများမှာ Dynamic Photography Training မှ သင်တန်းဆင်း ဓာတ်ပုံဝါသနာရှင်များ၏ လက်ရာဖြစ်ပြီး ယခုပြပွဲမှာ ငါးကြိမ်မြောက်ဖြစ်ကာ ဓာတ်ပုံစိတ်ဝင်စားသူ မည်သူမဆို လာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း၊ ပြပွဲအတွင်းရောင်းရငွေ၏ ၅၀ ရာခိုင်နှုန်းကို လူမှုရေးအသင်းများသို့ ခွဲဝေလှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့အလင်း