စစ်ကိုင်း  ၁   ဒီဇင်ဘာ

 

သီဟိုကျွန်းက အနုရာမ၊ မြန်မာက စစ်ကိုင်းယှဉ်နှိုင်း သာသနာထွန်းရာ မြေဟုပင်ညွှန်းဆိုထားသည့် စစ်ကိုင်းမြို့သည် သီဟိုအနုရာမနည်းတူ သာသနာထွန်းကားကာ သာသနာ့ဝန်ထမ်း ရဟန်းတော်များနှင့် သီလရှင်များသီ   တင်းသုံးတရားအားထုတ်ရာ ဒေသအဖြစ် ထင်ရှားသည်။ တောင်ထိပ်ပေါင်း(၃၇)လုံး၊ ချောင်ပေါင်းများစွာဖြင့်ထင် ရှားသည်။ တောင်ထိပ်တစ်ခုစီတွင် ထူးခြားသော ဘုရားစေတီများ တည်ရှိပြီး စိတ်ဝင်စားဖွယ်ရာတောင်တစ်တောင် ဖြစ်သည်။ ထိုဘုရားစေတီများထဲတွင် ဒေသအခေါ် စာမရီတောင်ထိပ်ဖျားက ထူခြားသည့်ဘုရားများဖြစ် သောဥမင်သုံးဆယ် လည်းပါဝင်သည်။

 

စစ်ကိုင်းဘုရားဖူးများသည် ငဖားတောင်ထိပ်မှ ဆွမ်းဦးပုညရှင်၊ စာမရီတောင်ထိပ်မှ ဥမင်သုံးဆယ်ဘုရား၊ ရှင်ဖြူရှင်လှဘုရားနှင့် အတူအနီးအနားမ ှမျှော်တော်ဇောဘုရား၊ ဗောင်းတော်ကျဘုရား၊ ငှက်မြက်နားစေတီနှင့်အတူ အနီးအနား ဘုရာများကို တစ်ဆက်တည်း သွားရောက်ဖူးမြော်ကြသည်။ ဥမင်သုံးဆယ်ဘုရားမှာ ထူးခြားသော ဘုရားဖြစ်သည်။     ဥမင်လှိုင်အတွင်း ရုပ်ပွားတော်(၄၅)ငါးဆူ ကိမ်းဝပ်စံပယ်တော်မူပုံမှာ ကြည်ညိုဖွယ် ဖူးမြင်ရသည်။  ဥမင်လိုဏ်မှာမုခ်ဝ သုံးဆယ်ရှိခြင်းကို အကြောင်းပြုကာ ဥမင်သုံးဆယ်ဟု ခေါ်ကြောင်း သိရသည်။

 

မုခ်ဝတစ်ခုစီတွင် တံကဲမုခ်များကို လက်ရာမြောက်စွာ ပြုလုပ်ထားသည်။ လူဝင်ပေါက်အမြင့် (၆) ပေ(၇) လက်မနှင့် အကျယ်၂ ပေ ၅ လက်မရှိပြီး လှိုဏ်တောင် ဘက်မျက်နှာများတွင် မနုသီဟရုပ် ၁၀ ရုပ်နှင့် စေတီငယ်(၇)ဆူတည်ထားပြီး  ထူးခြားသော ဘုရားများအဖြစ် တည်ရှိသည်။ ဘုရားပွဲ ကိုနှစ်စဉ် ဝါခေါင်လပြည့်နေ့တွင် ကျင်းပကြောင်း သိရသည်။

 

အများစုမှာ ဆွမ်းဦးပုညရှင်ဖူးပြီးသည်နှင့် ဥမင်သုံးဆယ်ဘုရားများသို့ သွားရောက် ဖူးမြော်ကြသည်။ ဘုရားသွားရာ စောင်းတန်း တစ်လျောက်တွင် စစ်ကိုင်းအမှတ်တရ အနုပညာ မြောက်လက်ရာများနှင့်အတူ အမှတ်တရလက်ဆောင်များ ရောင်းချကြသည်။

 

ဥမင်သုံးဆယ်မှ စစ်ကိုင်းမြို့အလှတို့ကို ကြည့်ရှုနိုင်သည်။ စစ်ကိုင်းမြို့ထဲမှ ဘုရားများကို  အဝေးမှ ဖူးမြော်နိုင်သော နေရာပင်ဖြစ်သည်။ လက်ရှိကာလ ဘုရားဖူးခရီးစဉ်တွင် ပြည်တွင်း ဘုရားဖူးဧည့်သည်များ နေ့စဉ်လာရောက်ဖူးမြော်လျက်ရှိပြီး စစ်ကိုင်းမြို့တွင် စာမရီတောင် ထိပ်ဖျားမှ ထူးခြားသောဘုရားများအဖြစ် ထင်ရှားသည်။   

 

တိမ်တမန်