မန္တလေး ဇန်နဝါရီ

 

အလုပ်အကိုင်ရှာဖွေပေးခြင်းအပြင် ထူးချွန်သူများကို ပညာသင်ထောက်ပံ့စရိတ်များ ပေးအပ်သွားမည့် အခမဲ့ပညာဒါနသင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မေမေဖောင်ဒေးရှင်းမှ သိရသည်။

 

မေမေဖောင်ဒေးရှင်းမှ LCCI level 1,2 HR Management Marketing Management General Management တရုတ်စကားပြောသင်တန်း English Language Courses များကို အခုလ ရက်မှစတင်ကာ အခမဲ့သင်ကြားပေးနေပြီဖြစ်သည်။ အဆိုပါသင်တန်းမှ ထူးချွန်သူများအား ပညာသင်စရိတ် ထောက်ပံ့ပေးမည်ဖြစ်သည်ဟု သိရသည်။

 

"မေမေဖောင်ဒေးရှင်း အခမဲ့ပညာဒါန သင်တန်းကျောင်းမှာ ဟန်ပြမဟုတ်ဘဲ စံပြသင်မယ့် ဝါရင့်ဆရာကြီးတွေ၊ လုပ်ငန်းအတွေ့အကြုံ ရင့်ကျက်သူတွေကိုယ်တိုင် အခမဲ့သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးတဲ့အခါမှာလည်း အလုပ်အကိုင်ရှာဖွေပေးခြင်းနှင့်အတူ ထူးချွန်သူများကို ပညာသင်ထောက်ပံ့စရိတ် ထပ်မံပေးအပ်သွားမှာ ဖြစ်ပါတယ်"ဟု အထွေထွေတာဝန်ခံ ဦးဇင်မောင်မောင်က ပြောသည်။

 

ယခုစတင်ဖွင့်လှစ်သည့် သင်တန်းတွင် သင်တန်းသား ၁၈၀ ခန့်ရှိကြောင်း သိရသည်။

 

မေမေ ဂျယ်လီနှင့် အချိုရည်စက်ရုံမှ တည်ထောင်ဖွင့်လှစ်သော အခမဲ့ပညာဒါနသင်တန်းကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၄၉ လမ်းနှင့် အောင်ဆန်းလမ်းထောင့်တွင် ဖွင့်လှစ်ထားရှိပြီး သင်တန်းအကြောင်း အသေးစိတ် သိရှိလိုပါက ၀၉-၄၅၆၄၅၆၀၀၅၊ ၀၉-၇၈၉၉၉၇၆၁၄ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 

မေသက်ထား