အင်္ဂပူ အောက်တိုဘာ ၁၃

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့‌ဈေး၌ အောက်တိုဘာ ၁၃ ရက် နံနက်က အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေးခဲ့သည်။

 

အဆိုပါ စားသုံးကုန်များ ရောင်းချရာသို့ အင်္ဂပူမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးလင်းတို့က စျေးရောင်း၊ စျေးဝယ်မှုများအား ကြည့်ရှုအားပေး ကူညီခဲ့ပြီး ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၅၀၀ ကျပ်ဖြင့် ဆန် ၁၀ အိတ်၊ ကြက်ဥ သုံးလုံး ၅၀၀ကျပ်နှုန်းဖြင့် ကြက်ဥ အလုံး ၁၀၀၀ နှင့် ဟင်းသီး၊ ဟင်းရွက်များ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

မန်းကျော်(ပြန်/ဆက်)