TikTok က ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကူညီမယ်

၁၀ ဧပြီ

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကူညီမယ် လို့ TikTok က မနေ့က ပြောကြားလိုက်ပါတယ်။

 

TikTok ကနေ လှူဒါန်းငွေကို ရောဂါတိုက်ဖျက်ရေးမှာ ရှေ့တန်းကနေ ပါဝင်နေတဲ့  ကျန်းမာရေးလုပ်သားတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ ဒေသတွင်းဆက်သွယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။

 

အလားတူ တခြားနည်းပညာကုမ္ပဏီတွေဖြစ်တဲ့ ဂူဂယ်၊ ဖေ့စဘွတ်၊ နက်ဖလစ်၊ မိုက်ခရိုဆော့၊ အမေဇုံ နဲ့ တွစ်တာ တို့ကလည်း အကူအညီပေးကြောင်း သိရပါတယ်။

 

TikTok ရဲ့ အလှူငွေ သန်း ၂၅၀ ထဲက သန်း ၁၅၀ ဟာ  ရောဂါထိန်းချူပ်ရေး အမေရိကန်ဗဟိုအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွေကနေတစ်ဆင့် ကျန်းမာရေးဝန်ထမ်းတွေကို ကူညီမှာဖြစ်သလို၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီနဲ့ တောင်ကိုရီးယားနိုင်ငံတွေ အပါအဝင် ဗိုင်းရပ်စ်ပိုးဒဏ် အပြင်းအထန် ခံစားနေတဲ့နိုင်ငံတွေ ကူညီထောက်ပံ့ရေးတွေပစ္စည်း‌တွေ ပေးပို့သွားမှာ ဖြစ်ပါတယ်။

 

နောက်ထပ် သန်း ၄၀ ကို TikTok မှာ ပါဝင်တဲ့ တေးဂီတပညာရှင်တွေ၊ အနုပညာရှင်တွေ၊ သူနာပြုတွေ၊ ပညာရေးဝန်ထမ်း၊ TikTok မှာပါဝင်တဲ့ မိသားစုတွေအတွက် ဖြစ်တယ်လို့ သိရပါတယ်။

 

အမေရိကန်ဒေါ်လာ ၁၀ သန်းကို ကွန်မြူနစ်တီကယ်ဆယ်ရေးရံပုံငွေအဖြစ် လျာထားပြီး ဖျော်ဖြေရေးတွေ ဖျက်သိမ်းလိုက်တဲ့အတွက် နစ်နာခဲ့တဲ့ အနုပညာရှင်တွေ၊ တေးရေးဆရာတွေ၊ အဆိုတော်တွေကို ကူညီဖို့ ဖြစ်ပါတယ်။

 

သန်း ၅၀ ကို ကမ္ဘာတစ်ဝန်းက အဝေးကနေ သင်ကြားရေးအတွက် ထောက်ပံ့ကူညီမယ်လို့ TikTok က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

MDN
ကိုးကား - AFP