၂၃ အောက်တိုဘာ
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “BTS”ဟာ ယခုနှစ်အတွင်းမှာ နောက်ထပ် မှတ်တမ်းသစ်တစ်ခုကို တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကတော့ ကေပေါ့ပ်ကြယ်ပွင့်တွေအနက် “Time” မဂ္ဂဇင်းရဲ့ မျက်နှာဖုံး ရှင်အဖြစ် ပထမဆုံး ဖော်ပြခံခဲ့ရသူတွေ ဖြစ်လာခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ ဘေဘုတ်တေးဂီတဇယားမှာ ထိပ်ဆုံးမှာ နေရာရလာတဲ့ ပထမဆုံးသော ကေပေါ့ပ်ကြယ်ပွင့် ဖြစ်လာခဲ့ပြီး အဖွဲ့ရဲ့ အမေရိကန်နယ်လှည့်ဖျော်ဖြေရေးလက်မှတ်တွေဟာလည်း အားလုံးရောင်းကုန်ခဲ့ပြီးဖြစ်ပါတယ်။ မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်တွေအဖြစ် ဖော်ပြခြင်းခံခဲ့ရတဲ့ အဖွဲ့ဝင်ခုနစ်ဦးရဲ့ ဓာတ်ပုံနဲ့အတူ ကမ္ဘာ့ရေပန်းအစားဆုံးသော အမျိုးသားတေးဂီတအဖွဲ့အဖြစ်လည်း ရေးသားဖော်ပြခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီမဂ္ဂဇင်းကိုတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က ဈေးကွက်အတွင်း စတင်ဖြန့်ချိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်