နေပြည်တော် ဇူလိုင် ၁၂
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဇူလိုင် ၂၃ ရက်မှ ဩဂုတ် ၈ ရက်အထိကျင်းပမည့် (၃၂) ကြိမ်မြောက် Tokyo Olympic ပြိုင်ပွဲသို့ မြန်မာအားကစားသမား (၃) ဦး ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိခဲ့သည်။
အဆိုပါ အားကစားသမား(၃)ဦးမှာ ကြက်တောင်အားကစားနည်းမှ သက်ထားသူဇာ သည် လက်ရည်စစ် ပြိုင်ပွဲ အောင်မြင်ခဲ့သည့်အတွက်လည်းကောင်း၊ သေနတ်ပစ် အားကစားနည်းမှ ရဲထွန်းနောင်သည် လက်ရည်စစ်ပြိုင်ပွဲ မအောင်မြင်သော်လည်း ၂၀၁၆ ခုနှစ် Rio Olympic ပြိုင်ပွဲတွင် လက်ရည်စစ်ပွဲ အောင်မြင်ထားသူ ဖြစ်သည့်အတွက်လည်းကောင်း ယခုနှစ်တွင် Wild Card အစီအစဉ်အရ ဦးစားပေး ကစားသမားတစ်ဦး အနေဖြင့် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ဂျူဒိုအားကစားနည်းမှ ၂၀၁၉ ခုနှစ်၊ (၃၀) ကြိမ်မြောက် SEA GAMES ပြိုင်ပွဲတွင် ကြေးတံဆိပ် ရရှိခဲ့သည့် မခြူးမြတ်နိုးဝေသည်လည်း Wild Card ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် ဇူလိုင် (၂၂) ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဦးဆောင်၍ ဂျပန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်