နေပြည်တော်   ဇူလိုင်   ၁၂

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၈ ရက်အထိ ကျင်းပမည့် (၃၂) ကြိမ်မြောက် Tokyo Olympic ပြိုင်ပွဲသို့ မြန်မာအားကစားသမား သုံးဦး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

အဆိုပါ အားကစားသမား သုံးဦးမှာ ကြက်တောင်အားကစားနည်းမှ သက်ထားသူဇာသည် လက်ရည်စစ် ပြိုင်ပွဲ အောင်မြင်ခဲ့သည့်အတွက်လည်းကောင်း၊ သေနတ်ပစ်အားကစားနည်းမှ ရဲထွန်းနောင်သည် လက်ရည်စစ်ပြိုင်ပွဲ မအောင်မြင်သော်လည်း ၂၀၁၆ ခုနှစ် Tokyo Olympic ပြိုင်ပွဲတွင် လက်ရည်စစ်ပွဲ အောင်မြင်ထားသူဖြစ်သည့်အတွက်လည်းကောင်း ယခုနှစ်တွင် Wild Card အစီအစဉ်အရ ဦးစားပေး ကစားသမားတစ်ဦးအနေဖြင့် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ဂျူဒိုအားကစားနည်းမှ ၂၀၁၉ ခုနှစ် အကြိမ် (၃၀)မြောက် SEA GAMES ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သည့် မခြူးမြတ်နိုးဝေသည်လည်း Wild Card ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် ဇူလိုင် ၂ ရက်တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဦးဆောင်၍ ဂျပန်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်