၂၄ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံအဆင့်မြင့်ဂေါက်သီးရိုက်ပညာရှင်များအသင်းမှ ကြီးမှူးကျင်းပမည့် Tour Professional အဆင့် အရည်ချင်းစစ် စာမေးပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်နှင့် ၁၅ ရက်တွင် ရန်ကုန်မြို့၊ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) ၌ ကျင်းပမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင်ကစားသမားများသည် နှစ်ရက်ပေါင်းရိုက်ချက် ၁၅၂ ချက်ရရှိပါက လက်ရည်စစ်ပွဲ အောင်မြင်မည်ဖြစ်ပြီး၊ လက်ရည်စစ်ပွဲအောင်မြင်သူများသည် မြန်မာနိုင်ငံအဆင့်မြင့် ဂေါက်သီးရိုက်ပညာရှင်များအသင်း မန်ဘာအဖြစ် အသိအမှတ်ပြုကာ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် Tour  Pro အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

 

အဆိုပါလက်ရည်စစ်ပွဲ ဝင်ရောက်ဖြေဆိုမည့်သူများသည် မတ် ၁၂ ရက် မွန်းလွဲ (၂)နာရီနောက်ဆုံးထား၍ ကိုသိန်းတိုးအောင် (ဖုန်း ဝ၉-၄၃၀၈၁၀၃၂)၊ ကိုထွန်းကျော် (ဝ၉-၅၁၉၃၄၂၃) နှင့် မခင်မမအောင် (ဝ၉-၂၆၂၆၀၂၆၃၆)တို့သို့ ဆက်သွယ်စုံစမ်း၍ ပြိုင်ပွဲဝင်ကြေး တစ်ဦးလျှင် ငွေကျပ် (၅၀,ဝ၀ဝ)ပေးသွင်းပြီး စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 

သတင်း-ဖိုးသော်ဇင်