၂၈ ဖေဖော်ဝါရီ
        

မြန်မာနိုင်ငံအဆင့်မြင့် ဂေါက်သီးရိုက်ပညာရှင်များအသင်းက ကြီးမှူးကျင်းပမည့် Tour Professional အဆင့် အရည်ချင်းစစ် စာမေးပွဲကို ၂၀၁၉ ခုနှစ် မတ်လ (၁၄) ရက်နှင့် (၁၅) ရက်တွင် ရန်ကုန်မြို့၊ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ကျင်းပမည် ဖြစ်သည်။
        

ပြိုင်ပွဲဝင်ကစားသမားများသည်(၂)ရက်ပေါင်းရိုက်ချက် (၁၅၂)ချက်ရရှိပါက လက်ရည်စစ်ပွဲ အောင်မြင်မည်ဖြစ်ပြီး၊ လက်ရည်စစ်ပွဲ အောင်မြင်သူများသည် မြန်မာနိုင်ငံ အဆင့်မြင့် ဂေါက်သီးရိုက်ပညာရှင်များအသင်း မန်ဘာအဖြစ် အသိအမှတ်ပြုကာ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် Tour  Pro အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။


အဆိုပါလက်ရည်စစ်ပွဲ ဝင်ရောက်ဖြေဆိုမည့်သူများသည် မတ် (၁၂)ရက်မွန်းလွဲ (၂)နာရီနောက်ဆုံးထား၍ ကိုသိန်းတိုးအောင် (ဖုန်း ဝ၉-၄၃၀၈၁၀၃၂)၊ ကိုထွန်းကျော် (ဝ၉-၅၁၉၃၄၂၃) နှင့် မခင်မမအောင် (ဝ၉-၂၆၂၆၀၂၆၃၆)တို့သို့ ဆက်သွယ်စုံစမ်း၍ ပြိုင်ပွဲဝင်ကြေး တစ်ဦးလျှင် ငွေကျပ် (၅၀,ဝ၀ဝ)ပေးသွင်းပြီး စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


သတင်း-ဖိုးသော်ဇင်