နေပြည်တော် ၃၀ ဇန်နဝါရီ


Training for Mobile and Digital Information Literacy သင်တန်းကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းခန်းမတွင် ဇန်နဝါရီ ၃၀ ရက် နံနက် ၉ နာရီခွဲက ဖွင့်လှစ်ပို့ချခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင် က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး Asia Foundation မှ တာဝန်ရှိသူ နှင့်သင်တန်းဆရာများက ပို့ချမည့် Digital Literacy နည်းပညာ အကြောင်းအရာများကို မိတ်ဆက်ရှင်းလင်းသည်။


သင်တန်းကို Asia Foundation နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် ဝန်ကြီးဌာနမှ အရာထမ်း သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက်ခဲ့သည်။


MDN