တာချီလိတ် ၁၁ ဇွန်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ဇွန် ၂၅ ရက် နှင့် ၂၆ ရက်များတွင် ကျင်းပမည့် ကလေးစာပေပွဲတော်အတွက် တာချီလိတ်မြို့ သောက်ရေသန့် လုပ်ငန်းရှင်များအသင်းက သောက်ရေသန့် လှူဒါန်းသွားမည်ဖြစ်ကြောင်း ယမန်နေ့က တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး Community Center ၌ ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ယခုကျင်းပမည့် ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော်ကို ထိုင်း - မြန်မာနယ်စပ်၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည့်အတွက် ပွဲတော်သို့ လာရောက်ကြမည့် ကျောင်းသားလူငယ်များ၊ ပြည်သူများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများဖြင့် စည်ကားများပြားမည်ဖြစ်ရာ သောက်ရေသန့်များ လုံလုံလောက်လောက် ရရှိစေရေးအတွက် အဆိုပါ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါပွဲတော်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့က ပူးပေါင်းစီစဉ်သည့် ပွဲဖြစ်ပြီး ဇွန် ၂၅ ရက်နှင့် ၂၆ ရက်၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မကာဟိုခမ်း အထက(တာချီလိတ်)တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)