နေပြည်တော် ၂၇ မတ်
မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၆ ရက် ည ၈ နာရီခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်(ခ)၊ ဝမ်မိုင်ကျေးရွာ၊ စည်ပင်လမ်းတွင် အောင်အောင် (ခ) ကိုအောင်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ ညနေ ၆ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ ခါးသျှိအောက်ကျေးရွာအနီး၊ လားရှိုး-တန့်ယန်းကားလမ်းတွင် ဆန်ရုံးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရှာဖွေရာ ဘိန်းဆီခဲ ၁ ဒသမ ၃ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN